မြန်မာ လူငယ်တွေ အိမ်ပြန်အလုပ်လုပ်ဖို့ ဘာမှ မလိုပါဘူး။ ရွှေမလိုပါဘူး။ ငွေမလိုပါဘူး။ လူငယ်တွေဟာ အာဏာလည်း မမက်ပါဘူး။ အနှောင်အဖွဲ့ ကင်းစွာ၊ လွတ်လပ်စွာ ရှင်သန်လှုပ်ရှားခွင့်၊ တီထွင်ဖန်တီးခွင့်နဲ့ ပွင့်လင်း မြန်ဆန်တဲ့ အင်တာနက်တစ်ခုသာ လိုအပ်ပါတယ်။ အဲဒီ အချိန်ရောက်လာရင် နိုင်ငံပြင်ပမှာ ရောက်နေတဲ့ မြန်မာလူငယ်တွေ ဝမ်းသာအားရ အိမ်ပြန်လာကြမယ်လို့ ကျွန်တော်ကတော့ လှိုက်လှိုက်လှဲလှဲ ယုံကြည်ပါတယ်။ သိပ်မဝေးတော့တဲ့ အနာဂါတ်တစ်ခုမှာ အမိမြန်မာပြည်ကို ပြန်လည်ထူထောင်ဖို့အတွက် ကျွန်တော်တို့ အိမ်ပြန်နိုင်ကြမယ်လို့ မျှော်လင့်နေမိပါတယ်။
အနာဂတ်ပညာရေး တွေးဆဖွယ်
အနာဂတ်ပညာရေးသည် လမ်းကြောင်းဟောင်းကို အိုင်စီတီဖြင့် တိုက်ဖျက်ကျော်လွှား မည့် သဘောဆောင်လာသည်။ ခေတ်မီအောင် မပြုပြင်နိုင်၊ မလိုက်နိုင်လျှင် ကျန်ခဲ့လိမ့်မည်။
အွန်လိုင်းမှ စာသင်၊ အွန်လိုင်းတွင် စာစစ်၊ အွန်လိုင်းဖြင့် အကဲဖြတ်၊ အွန်လိုင်းမှ အမှတ်ပေး၊ အွန်လိုင်း ဖြစ် ဆွေးနွေးမှုများ ခေတ်စားလာပါလိမ့်မည်။ ကျောင်းသို့ ဖတ်စာအုပ်တွေ ထမ်းလာခိုင်းခြင်းထက် တက်ဘလက် တစ်လုံးပါလာပြီး ဖတ်စာကို အွန်လိုင်းမှ download ယူခိုင်းခြင်းကို ဦးစားပေးလာရပါလိမ့်မည်။
မင်းပညာဒါန မှတ်တမ်း ဗီဒီယိုများ
"မင်း ပညာဒါန" ယခင်ကျောင်းဟောင်း (ဝံသမေဒနီ) တုန်းက သင်တန်းမှာ စာသင်နေတဲ့ မှတ်တမ်း ဗီဒီယိုတွေပါ။ အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ဘုန်းဘုန်း ဦးသဇ္ဇနက မှတ်တမ်းတင် ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်က ကျောင်းရဲ့ အခြေအနေလေးတွေကို အမှတ်တရ၊ အလွမ်းပြေစေဖို့ ဖြစ်ပါတယ်။
စိတ်ကျဝေဒနာဆိုသည်မှာ - About Depression
‘‘စိတ်ဓာတ်ကျတယ်’’ လို့ပြောမိတာ ကိုယ်တစ်ယောက်တည်းလို့ ထင်နေသလား။ အမေရိကန်နိုင်ငံမှာ စိတ်ကျဝေဒနာစွဲကပ်နေသူတွေ နှစ်စဉ် ၁ဝ ဦးမှာ တစ်ဦးနှုန်းရှိတယ်လို့ ဖတ်လိုက်ရတယ်။ ရုပ်ပတ်ဝန်းကျင်တွေ ဒီလောက်တိုးတက်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ဘာကြောင့် ချို့တဲ့လာရတာလဲဆိုတဲ့အဖြေကို နိုင်ငံကြီးတွေတောင် ဖွေရှာရခက်နေတော့ လူငယ်တွေရဲ့အရေးကို ရင်မအေးနိုင်သူတွေရဲ့ လေ့လာစူးစမ်း ချက်တွေကို မျှဝေခံစားကြည့်လိုက်မိတယ်။
အရေးကြီးတာက ပြဿနာတစ်ခုပေါ်လာပြီဆိုရင် မေးမြန်း စူးစမ်းဖို့ ဝန်မလေးပါနဲ့။ စိတ်အကြောင်းနဲ့ စိတ်ဝေနာကို စိတ်ရောဂါကုတဲ့ ဆရာဝန်တွေက အများဆုံးသိနိုင်ပါလိမ့်မယ်။ သူတို့နဲ့ဆွေးနွေးခြင်းဟာ အကျိုးမယုတ်နိုင်ဘူး။ ရှက်စရာလည်းမဟုတ်သလို ကြောက်စရာလည်း မဟုတ်ဘူး။ ကလေးကို ဆရာဝန်နဲ့ တိုက်ရိုက်ပြသင့် မပြသင့်ဝေခွဲရ ခက်နေရင်တောင် ကြိုတင်ပြီး လူကြီးဖြစ်သူက သွားရောက်ညှိနှိုင်းနိုင်တယ်။ အဖြစ်မှန်ကိုတင်ပြမယ်။ အကြံပေးချက်တွေကိုရယူမယ်။ ကုသမှု ခံယူသင့်ရင် ခံယူလိုက်တာအကောင်းဆုံးပဲ။
မင်းပညာဒါန အိုင်တီနှင့် ဘာသာစကား ပညာဒါနသင်တန်းများ သြဂုတ်လဆန်းပိုင်းတွင် ဖွင့်လှစ်မည်
အိုင်တီနှင့် ဘာသာစကား ပညာဒါနသင်တန်းများကို ၁ဝ နှစ်ကျော် ဖွင့်လှစ်သင်ကြားခဲ့သော မင်းပညာဒါန (IT Square Group) မှ ကွန်ပျူတာနှင့် ဘာသာစကားသင်တန်း အမှတ်စဉ် (၃၅) ကို သြဂုတ်လဆန်းတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းတွင် ကွန်ပျူတာပညာရပ်ပိုင်းအဖြစ် -
အောင်မြင်ခြင်း - The Success
"တကယ့်အောင်မြင်သူတွေဟာ အလုပ်မဖြစ်တဲ့ အတွေးတွေနဲ့ အချိန်မဖြုန်းဘူး။ ခက်ခက်ခဲခဲ မဖြစ်နိုင်တာ တွေလည်းမတွေးဘူး။ အန္တရာယ်ဖြစ်လောက်အောင်လည်း မစွန့်စားဘူး။ သူတို့ဟာ အပြုသဘောဆောင်တာ မျိုးတွေကိုပဲတွေးတယ်။ သူတို့အတွေးအခေါ်တွေဟာ အောင်မြင်ဖို့ အတွေးတွေပဲ ဖြစ်နေတတ်တာများ တယ်။"
အထက်ကစကားစုကို ပြောသွားသူကတော့ ဒေါက်တာ Seymour Epstein ဖြစ်ပါတယ်။
ကိုယ်ဘာလိုချင်သလဲ။ ကိုယ်ဘာလုပ်ချင်တာလဲ။ ကိုယ်ဘာဖြစ်ချင်တာလဲ။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ ကိုပဲတွေးရမယ်။ အကျိုးမရှိတာတွေကို မတွေး၊ မလုပ်ဘူးပေါ့။
Bookmarks တွေမပျောက်အောင် ကိုင်တွယ်ဖြေရှင်းနည်းများ
အင်တာနက် မှာမွှေနှောက်ကြတဲ့အခါ ကိုယ်ကြိုက်ရာ ကြိုက်ရာ URL Link လေးတွေကို Bookmark လေးတွေ Favourate လေးတွေလုပ်ထားတတ်ကြတယ်။ ဒါပေမယ့် Browser တွေပြန်တင်တဲ့အခါ အပြောင်းအလဲတွေလုပ်တဲ့အခါ မျိုးတွေ ဒါမှမဟုတ် OS ပြန်တင်လိုက်တဲ့အခါတွေမှာတော့ သုံးနေကျ Bookmarks တွေပျောက်သွားတတ်ကြပါတယ်။ ဥပမာ များသောအားဖြင့် Gmail, Facebook, Youtube စတာတွေကို များသောအားဖြင့် Click တစ်ချက်နဲ့တစ်ခါတည်းသွားလို့ရကြအောင် Bookmarks တွေလုပ်ထားတတ်ကြပါတယ်။ ဒါ့ကြောင့် အဲဒီ Bookmarks တွေကို မပျောက်အောင် Back up တွေလုပ်၊ Restore တွေလုပ်ပြီး ကိုင်တွယ်ဖြေရှင်းကြည့်ကြရအောင်။
မင်းပညာဒါနမှ ကွန်ပျူတာနှင့် ဘာသာစကား သင်တန်းများ မေလတွင်း စတင်ဖွင့်မည်
မင်းပညာဒါနမှ ကွန်ပျူတာနှင့် ဘာသာစကား သင်တန်းများ မေလတွင်း စတင်ဖွင့်မည်။
ပညာဒါနသင်တန်းများကို ၁၀ နှစ် ကျော် ဖွင့်လှစ်သင်ကြားခဲ့သော မင်းပညာဒါန (IT Square Group) မှ ကွန်ပျူတာနှင့် ဘာသာစကားသင်တန်း အမှတ်စဉ် (၃၄) ကို မေလအတွင်း စတင်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းတွင် ကွန်ပျူတာပညာရပ်ပိုင်းအဖြစ်
Download လုပ်ချင်စရာ
Download လူပ်ရတာ၀ါသနာပါသူတွေနဲ့ Pirate တွေကိုမသုံးချင်ကြဘူးဆိုရင်တော့
http://www.filehippo.com မှာအလာကားရတဲ့ Free Software တွေအများကြီးရှိပါ့ဗျာ
IQTest ကိုက်နေရင်
IQTest ကိုက်နေရင် အောက်မှာပေးထားတဲ့ စာကြောင်းလေးတွေကို Notepad ထဲမှာရိုက်ထည့်ပြီး " iqtestkiller.bat " ဆိုပြီး BATCH ဖိုင်အနေနဲ့သိမ်းပြီး RUN ပေးလိုက်ရင်ရှင်းသွားပါလိမ့်မယ်။ အဲဒီ BATCH ဖိုင်လေးကိုသိမ်းထားပြီး ကိုက်နေတဲ့ နေရာတိုင်းမှာ RUN လိုက်ရင်လည်းရပါတယ်။

Recent comments